Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 8 - Al-Anfal
Translation by Alin U Yin — Permalink
Verse 30 — Surah Al-Anfal 8:30
မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် အသင် (တမန်တော်) အား ဖမ်းဆီးချုပ်နှောင်ရန်၊ သတ်ဖြတ်ရန်နှင့် (မက္ကာမှ) နှင်ထုတ်ရန် လျှို့ဝှက်ကြံစည်ခဲ့ကြစဉ် အလ္လာဟ်အရှင်မြတ်ကလည်း သူတို့ကြံစည် နေကြသည်ကို အချည်းနှီးဖြစ်စေသည့် စီမံချက်များ ဖြစ်ပေါ်စေရန် ကြံရွယ်တော်မူခဲ့ကြောင်းအား သတိရကြလော့။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင့်အစေခံ ယုံကြည်သူတို့အတွက်) အကောင်းဆုံးသော စီမံချက်များ ဖြစ်ပေါ်စေရန် ကြံရွယ်တော်မူသောအရှင် ဖြစ်တော်မူ၏။