Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 8 - Al-Anfal
Translation by Alin U Yin — Permalink
Verse 34 — Surah Al-Anfal 8:34
သို့ရာတွင် သူတို့သည် အထွတ်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်ကို ကာကွယ်စောင့်ရှောက် ကြပ်မတ်ထိုက်သူများ မဟုတ်သော်လည်း (ယုံကြည်သူတို့အား) ထိုဝတ်ကျောင်းတော်၌ တားဆီးပိတ်ပင်ဟန့်တားကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် ပြစ်ဒဏ်ပေးတော်မမူရန် အကြောင်း မရှိချေ။ စင်စစ်မူကား အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူများသာလျှင် ထိုဝတ်ကျောင်းတော်အား ကာကွယ်စောင့်ရှောက် ကြပ်မတ်ထိုက်သူများ ဖြစ်ကြသည်။ သို့သော် သူတို့အနက်မှ အများစုသည် သိနားလည်ခြင်း မရှိကြချေ။