Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 36 — Surah Al-Anfal 8:36

ဧကန်စင်စစ်၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှု (များနှင့်အရည်အချင်း၊ အစွမ်းအစ) များကို အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ တားဆီးပိတ်ပင်ရန်အတွက် သုံးစွဲကြ၏။ သူတို့သည် ထိုသို့ပင် ဆက်လက်သုံးစွဲကြလျက် (နောင်တရခြင်း၊ သက်ပြင်းချရခြင်း၊ ဒုက္ခဝေဒနာခံစားရ ခြင်းတို့ကြောင့်) သူတို့ဝမ်းနည်းစရာများသာ ကျန်ရစ်ပြီးနောက်ဆုံးတွင် လွှမ်းမိုးခြင်းနှင့်ရှုံးနိမ့်ခြင်းကို ခံကြရလိမ့်မည်။ သို့ဖြစ်ရာ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် (သူတို့၏လုပ်ရပ်များကြောင့်) ငရဲဘုံ ဘက်သို့ စုရုံးစေခြင်း ခံကြရမည်ဖြစ်၏။