Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 38 — Surah Al-Anfal 8:38

မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား “အကယ်၍ သူတို့သည် (ဇွဲရှိရှိ မယုံကြည်မှုနှင့် ငြင်းဆန်မှု၌ရပ်တည်နေခြင်းကို) ရပ်စဲကြလျှင် သူတို့ယခင်က (အစ္စလာမ်ကို ယုံကြည်လက်ခံနိုင်ခြင်း မရှိအောင် ဟန့်တားနှောင့်ယှက်ခြင်းဖြင့် ကျူးလွန်ခဲ့သည့်) လွန်လေပြီးသော ပြစ်မှုများမှ သူတို့အား ကင်းလွတ်ခွင့် ပေး တော်မူလိမ့်မည်။ သို့သော် အကယ်၍ သူတို့သည် (အစ္စလာမ့်အတွက် ရန်လိုမုန်းတီးမှုဖြစ်သော သူတို့၏) ဒုံရင်းအခြေအနေအတိုင်း ပြန်လည်ဆိုက်ရောက်ကြလျှင် ရှေးလူတို့အတွက် (အရှင့်လမ်းစဉ်တော်နှင့်အညီ) စည်း ကမ်းဥပဒေများချမှတ်ခဲ့ပြီး ဖြစ်သကဲ့သို့ ရှေ့ဆက်လုပ်တော်မူမည်။”