Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 39 — Surah Al-Anfal 8:39

ထို့ပြင် (အကယ်၍ သူတို့သည် ရန်လိုမုန်းတီးမှုနှင့်မယုံကြည်မှု၌ပင် ဆက်လက်၍ ဇွဲရှိရှိ ရပ်တည်လျက် ရန်မူလာလျှင် အရှင်မြတ်၏ဆန့်ကျင်ပုန်ကန်ခြင်း၏အခြေခံအရင်း အမြစ်များဖြစ်သော) မတည်မငြိမ်ဖြစ်စေခြင်းနှင့်ညှင်းပန်းနှိပ်စက်ခြင်းများ လုံးဝပပျောက်၍ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) သည် အလ္လာဟ်အရှင်မြတ်၏ကျေ နပ်နှစ်မြို့မှုအတွက်သာ အရှင်မြတ်၏အမိန့်ပညတ်ချက်များနှင့်အညီ ဘဝဆောက်တည်နိုင်ရန်အလို့ငှာ) လုံးဝ တည်ငြိမ်အေးချမ်းသွားသည်အထိ သူတို့အား တော်လှန်တိုက်ခိုက်ကြလော့။ သို့သော် အကယ်၍ သူတို့သည် (သူတို့၏ရန်လိုမုန်းတီးမှုနှင့် မယုံကြည်မှုကို စွန့်လွှတ်၍ ရန်မူခြင်းအား) ရပ်စဲကြလျှင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကျင့် ကြံသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသောအရှင်ဖြစ်ကြောင်း (အသိပေးဟောကြားလော့။)