Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 8 - Al-Anfal
Translation by Alin U Yin — Permalink
Verse 41 — Surah Al-Anfal 8:41
အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်က အရှင့်အစေခံ (တမန်တော် မြတ်) အပေါ် စစ်တပ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသော အမှန်တရားသစ္စာနှင့်လမ်းမှားတို့ကို ခွဲခြားသိသာထင်ရှား စေသည့်နေ့၌ ချမှတ်ပေးအပ်တော်မူခဲ့သမျှ (အာယာသ်သက်သေလက္ခဏာတော်များ) ကိုလည်းကောင်း၊ စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်ကြလျှင် သင်တို့စစ်ပွဲ၏အကျိုးဆက်အဖြစ် လက်ခံရရှိခဲ့သော ပစ္စည်းပစ္စယ များအနက်မှ ငါးပုံတစ်ပုံကို (အရှင့်လမ်းစဉ်တော်တည်တံ့စေရန်) အလ္လာဟ်အရှင်မြတ်၊ ရစူလ်တမန်တော်၊ အနီးစပ်ဆုံးဆွေမျိုးရင်းချာ (ကိုယ်စောင့်တပ်)၊ မိဘမဲ့များ၊ ချို့တဲ့ဆင်းရဲသူများ၊ အရှင့်လမ်းစဉ်တော်၌ ခရီးသွားသူများ (ခရီးစဉ်၌ လိုအပ်သည့် လက်နက်နှင့်ရိက္ခာစီစဉ်ရန်အလို့ငှာ) တို့အတွက် (သူတို့၏ပိုင်ဆိုင်မှုများအဖြစ်) သိမှတ်ကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ (၌ စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူလျက် ယင်းတို့ကို) စွမ်းဆောင်လွှမ်းမိုးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။