Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 8 - Al-Anfal
Translation by Alin U Yin — Permalink
Verse 42 — Surah Al-Anfal 8:42
(သတိရကြလော့။) ဗဒရ်စစ်ပွဲဖြစ်စဉ်ကာလ၌ သင်တို့သည် (မဒီနာမြို့နှင့်) ပို၍နီးသော တောင်ကြားချိုင့် ဝှမ်း၌ရှိခဲ့ကြပြီး သူတို့မှာမူ တောင်ကြားနှင့်အလှမ်းဝေးသည့်နေရာ၌ ရှိခဲ့ကြ၏။ ထို့ပြင် (မယုံကြည်သူတို့၏) ကုန်သည်အုပ်စုမှာလည်း သင်တို့မှ အလှမ်းဝေးသော မြေနိမ့်ပိုင်းဖြစ်သည့် မြေပြန့်လွင်ပြင်ဒေသ၌ ရှိခဲ့ကြသည်။ ထိုသို့သော အခြေအနေတွင် အကယ်၍ သင်တို့က သူတို့နှင့်အပြန်အလှန်တွေ့ဆုံ၍ ရင်ဆိုင်တိုက်ခိုက်ရန် ချိန်းဆိုကမ်းလှမ်းခဲ့ရလျှင် သင်တို့သည် ထိုချိန်းဆိုကမ်းလှမ်းချက်အတိုင်း ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ မုချပင် လွဲခဲ့ကြမည်ဖြစ်၏။ သို့သော် (အရှင်မြတ်သည် သင်တို့အတွက် စစ်ပွဲတွင် ထိပ်တိုက်ရင်ဆိုင်နိုင်မည့် အခြေအနေကို ဖြစ်စေတော်မူသောကြောင့်) အလ္လာဟ်အရှင်မြတ်သည် (လမ်းမှားကို လိုက်နာခြင်းဖြင့် ပျက်စီးဆုံးရှုံးထိုက်သော) သူတို့အား ပျက်သုဉ်းဆုံးရှုံးစေမည့် ထင်ရှားသော သက်သေလက္ခဏာတော်များဖြင့်လည်းကောင်း၊ (အမှန်တရားသစ္စာကို တစ်သဝေမတိမ်း လိုက်နာခြင်းဖြင့် ဆက်လက်ရှင်သန်ရပ်တည်ခွင့် ရထိုက်သော) သူတို့ အား ရေရှည်တည်တံ့စေမည့် မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များဖြင့်လည်းကောင်း၊ စီရင်ဆုံးဖြတ်တော်မူခဲ့ပြီးဖြစ်သော စီမံချက် အကြောင်းကိစ္စတစ်ရပ်ကို ဧကန်မုချ ပြီးမြောက်စေတော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံး၏ဆုတောင်းသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနေတော်မူသော အရှင်ဖြစ်တော်မူ၏။