Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 8 - Al-Anfal
Translation by Alin U Yin — Permalink
Verse 43 — Surah Al-Anfal 8:43
(တစ်ဖန် အို၊ ရစူလ်တမန်တော်၊ သတိရလော့။) အလ္လာဟ်အရှင်မြတ်သည် အသင် (တမန်တော်) အား သင်၏အိပ်မက်ထဲတွင် သူတို့ (၏ အရေအတွက်နှင့်အင်အား) ကို (ပကတိအင်အားထက်) နည်းပါးချိနဲ့သည့်အနေအထားတွင် ပြသတော်မူခဲ့၏။ သို့သော် အကယ်၍ သူတို့ (၏ အင်အား) ကို များပြားသည့် အနေအထားဖြင့် ပြသတော်မူခဲ့လျှင် အသင်တို့သည် မုချဧကန်၊ စိတ်ဓါတ်ကျမည့်အပြင် ထိုအရေးကိစ္စနှင့်စပ်လျဉ်း၍ သင်တို့ အချင်းချင်းကြားတွင်လည်း အမှန်ပင် အငြင်းပွားနေကြမည် ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား (စိတ်ဓါတ်ကျမှုနှင့်အငြင်းပွားမှုမှ ကယ်ဆယ်တော်မူ၍) စိတ်တည်ငြိမ်အေးချမ်းစေတော်မူခဲ့၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံး အတွင်းအဇ္ဈတ္တ၌ ကြံစည်၍ ပိုင်ဆိုင်ထားသမျှကို အကြွင်းမဲ့ သိနေတော်မူ၏။