Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 8 - Al-Anfal
Translation by Alin U Yin — Permalink
Verse 44 — Surah Al-Anfal 8:44
ထိုမျှမက သင်တို့သည် သူတို့နှင့် (ဗဒရ်စစ်ပွဲတွင်) ဆုံတွေ့သောအခါ သင်တို့၏မျက်လုံးများတွင် သူတို့၏အင်အားကို အနည်းငယ်အဖြစ်သာ မြင်စေတော်မူပြီး သူတို့၏မျက်လုံးအမြင်၌လည်း သင်တို့ကို မပြော ပလောက်သည့် အင်အားအဖြစ် မြင်စေတော်မူခဲ့ခြင်းသည် အလ္လာဟ်အရှင်မြတ်က စီရင်လိုတော်မူသော စီမံချက် ကိစ္စရပ်တစ်ခုကို ပြီးမြောက်အောင် စီရင်တော်မူရန်အတွက်ပင် ဖြစ်၏။ ထို့ပြင် အကြောင်းကိစ္စအရေးအရာ အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံသို့သာ (အရှင့်စည်းမျဉ်းတော်နှင့်အညီ ဖြစ်ပေါ်စေရန်) ဦးလှည့်ခြင်း ခံရမည်ဖြစ်၏။