Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 48 — Surah Al-Anfal 8:48

စေတန်မကောင်းဆိုးဝါးသည် သူတို့၏ပြုမူကျင့်ကြံမှုများကို သူတို့အတွက် (ဆွဲဆောင်ဖွယ်ရာအဖြစ် လှပတင့်တယ်စွာ) တန်ဆာဆောင်ထားသည့်အခါ သူက (သူတို့အား) ယနေ့လူတို့အနက်မှ သင်တို့ကို အောင်နိုင် လွှမ်းမိုးမည့်သူဟု တစ်ဦးတစ်ယောက်မျှ မရှိချေ။ ကျွန်ုပ်သည် သင်တို့အတွက် ထောက်ခံအားပေးသူ (ကာကွယ်ထားသူ) တစ်ဦး အသေအချာပင် ဖြစ်၏။” (ဟု ပြော၏။) သို့ရာတွင် သူသည် စစ်တပ်အုပ်စုနှစ်ခု (ထိပ်တိုက် ရင်ဆိုင်ကြသည်ကို) မြင်တွေ့သည့်အခါ (သူ၏ခြေဖနောင့်ဘက်သို့) ဆုတ်ခွါရှောင်ပြေး သွားလေ၏။ ထို့နောက် သူက “အမှန်စင်စစ်၊ ကျွန်ုပ်သည် သင်တို့ထံမှ လုံးဝ ကင်းလွှတ်၏။ (သင်တို့အတွက် တာဝန် မရှိချေ) ကျွန်ုပ်သည် သင်တို့က မမြင်နိုင်သည်များကို မုချပင် မြင်နေ၏။ ဧကန်ပင်၊ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ ပါ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ဒဏ်ခတ်အရေးယူတော်မူသောအရှင် ဖြစ်တော်မူ၏။”