Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 52 — Surah Al-Anfal 8:52

ဖါရို၏ (မင်းမျိုးမင်းနွယ်၊ မှူးမတ်များနှင့်စစ်ဦးစီးချုပ်များပါဝင်သည့်) အပေါင်းအပါများနှင့် သူတို့မတိုင်မီ ရှိခဲ့ကြသော ရှေးခေတ်လူတို့က အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မယုံကြည်ငြင်းဆန်ခဲ့ခြင်းကြောင့် သူတို့၏ပြစ်မှုဒုစရိုက်ကျူးလွန်မှုများနှင့်အညီ အလ္လာဟ်အရှင်မြတ်က အရေးယူဒဏ်ခတ်တော်မူခဲ့သည့် နည်းစနစ်အတိုင်းပင် (သင်တို့ကိုလည်း အရေးယူတော်မူနိုင်၏။) ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် စွမ်းအားတော်အလုံးစုံနှင့်ပြည့်စုံတော်မူသောအရှင်၊ ပြင်းထန်ပြတ်သားစွာ ဒဏ်ခတ်အရေးယူတော် မူသောအရှင် ဖြစ်တော်မူ၏။