Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 8 - Al-Anfal
Translation by Alin U Yin — Permalink
Verse 53 — Surah Al-Anfal 8:53
ထိုသို့ (ဒဏ်ခတ်အရေးယူခြင်းအား) ဖြစ်စေတော်မူရခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး အပေါ် (ဂုဏ်ပေးလျက် ပေးအပ်တော်မူသည့် ယုံကြည်မှု၊ ဘဝနည်းနာ၊ ကမ္ဘာ့အမြင်၊ အရှင့်နိယာမ တရား၊ စွမ်းရည်၊ ဂုဏ်သိက္ခာ၊ ရိက္ခာနှင့်လိုအပ်ချက်များ စသော) မည်သည့်ကျေးဇူးတော်ကိုမျှ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချ၍ သူတို့ကိုယ်တိုင် မပြောင်း လဲသမျှကာလပတ်လုံး ငါအရှင်မြတ်က ပြောင်းလဲပေးတော်မူလေ့ မရှိသောကြောင့်ပင် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံး၏ဆုတောင်းသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။