Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 60 — Surah Al-Anfal 8:60

(ယုံကြည်သူတို့အနေဖြင့်) အလ္လာဟ်အရှင်မြတ်၏ရန်သူများ၊ သင်တို့၏ရန်သူများနှင့်အလ္လာဟ်အရှင်မြတ်သာ သိတော်မူပြီး သင်တို့က မသိနိုင်သည့် အခြားသော အုပ်စု (အဖွဲ့အစည်း) များကို အရှိန်အဝါဖြင့် ကြောက်လန့်စေရန် (နှင့်သူတို့၏ရန်လိုတိုက်ခိုက်မှုကို ခုခံတွန်းလှန်နိုင်ရန်အတွက် လက်နက်ခဲယမ်းမီးကျောက်၊ နည်းပညာစသော) အင်အားများနှင့် (စစ်ပွဲ၌ အသုံးချရန် ရည်ရွယ်၍) လေ့ကျင့်ပေးထားသော မြင်းများအနက်မှ သင်တို့ တတ်စွမ်းသမျှကို ကြိုတင် ပြင်ဆင်ထားကြလော့။ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သင်တို့ သုံးစွဲသမျှ တို့ကို သင်တို့အား အပြည့်အဝ ပြန်လည်ဖြည့်ဆီးချီးမြှင့်ပေးတော်မူပြီး သင်တို့အား မတော်မတရားနစ်နာစေတော်မူမည် အလျှင်း မဟုတ်ချေ။