Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 63 — Surah Al-Anfal 8:63

တစ်ဖန် ထိုအရှင်မြတ်သည် (ယုံကြည်) သူတို့၏နှလုံးစိတ်ဝမ်းများကြားဝယ် (အစ္စလာမ့်ယဉ်ကျေးမှုနှင့် သဟဇာတဖြစ်စေရန်) ညီညွတ်စေတော်မူ၏။ အကယ်၍ အသင်သည် ကမ္ဘာဂြိုဟ်၌ ရှိသမျှ (အင်အားနှင့်စွမ်းရည်စွမ်းပကား) အလုံးစုံတို့ကို သုံးစွဲသည့်တိုင်အောင် သူတို့၏စိတ်နှလုံးများ စပ်ကြားဝယ် (ယဉ်ပါးစေရန်) ညီညွတ်စေနိုင်မည် မဟုတ်ချေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ညီညွတ်စေတော်မူခဲ့၏။ ဧကန်မုချ၊ ထိုအရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးတော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ (အရေးကိစ္စများကို စီရင်တော်မူရာ၌) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။