Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 65 — Surah Al-Anfal 8:65

အို၊ မြင့်မြတ်သောနဗီတမန်တော်၊ (ယုံကြည်သူတို့အား) “အကယ်၍ သင်တို့အနက်မှ (ဇွဲလုံ့လဝီရိယဖြင့်) သည်းခံကြံ့ခိုင်သူ အယောက်နှစ်ဆယ်ရှိလျှင် (ရန်သူ) နှစ်ရာကို အောင်နိုင်ပြီး အကယ်၍ သင်တို့အနက် (ထိုသို့သော ပုဂ္ဂိုလ်မျိုး) အယောက်တစ်ရာရှိခဲ့သော် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အနက်မှ အယောက်တစ်ထောင်ကို အောင်နိုင်မည်ဖြစ်ကြောင်း၊ အကြောင်းမှာ သူတို့သည် အမှန်တရားကို သိမြင်နား လည်နိုင် (ရန် အရေးကိစ္စဟူသမျှ၏အနှစ်သာရအား ထိုးဖောက်ရှာဖွေ စူးစမ်းဆင်ခြင်ကြ) သော လူမျိုးမဟုတ် သောကြောင့် ဖြစ်ကြောင်း (ဟောကြားလျက်) တိုက်ပွဲနှင့်စပ်လျဉ်း၍ ယုံကြည်သူတို့ကို တိုက်တွန်းနှိုးဆော်လော့။”