Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 66 — Surah Al-Anfal 8:66

ယခုအခါ (သင်တို့၌ စစ်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားမှုများ ကင်းမဲ့လျက်) သင်တို့ထဲ၌ အားနည်းချက်များရှိနေသည်ကို အရှင်မြတ် သိတော်မူသည့်အတွက် အလ္လာဟ်အ ရှင်မြတ်သည် သင်တို့အား (တာဝန်ဝန်ထုပ်ကို) ပေါ့ပါးစေတော်မူ၏။ သို့ဖြစ်ပေရာ အကယ်၍ သင်တို့အနက်မှ (ဇွဲလုံ့လဝီရိယဖြင့်) သည်းခံကြံ့ခိုင်သူ အယောက်တစ်ရာရှိသော် (ရန်သူ) လူနှစ်ရာကို အောင်နိုင်ပြီး သင်တို့ထဲတွင် (ထိုသို့သောပုဂ္ဂိုလ်) အယောက်တစ်ထောင်ရှိလျှင် အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုမိန့်ဖြင့် လူအယောက်နှစ်ထောင်ကို အောင်မြင်နိုင်မည် ဖြစ်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သည်းခံကြံ့ခိုင်မှုအား စွဲမြဲစွာ ကိုင်စွဲ ထားသူတို့နှင့်အတူ ရှိတော်မူ၏။