Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 67 — Surah Al-Anfal 8:67

ကမ္ဘာမြေပေါ်၌ (လူ့ဘဝတည်ဆောက်မှုလမ်းစဉ်ကို အန္တရာယ်ပြုသော ရန်သူတို့အား ခြေကုန်လက်ပန်း ကျစေသည်အထိ) နှိမ်နင်းအောင်နိုင်ခြင်း မရှိသရွေ့ မည်သည့်နဗီတမန်တော်မျှ စစ်သုံ့ပန်းများကို ပိုင်ဆိုင် ခွင့် မရှိချေ။ သင်တို့သည် ဤလောကီဘဝ၏မတည်မြဲသော ဥစ္စာဓနအသုံးအဆောင်တို့ကို လိုလားကြပြီး အလ္လာဟ် အရှင်မြတ်သည် သင်တို့အား နောင်တမလွန်လောကုတ္တရာကိုသာ လိုလားစေတော်မူ၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း) အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့ ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။