Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 7 — Surah Al-Anfal 8:7

ထိုမျှမက၊ အလ္လာဟ်အရှင်မြတ်သည် (မဒီနာမြို့ဘက်သို့ ချဉ်းကပ်လာနေသည့် ကုရ်အိုရှ်အုပ်စုနှင့်မက္ကာမှ မယုံကြည်သူတို့၏စစ်တပ်များဖြစ်ကြသော) အုပ်စုနှစ်ခုအနက် တစ်ခုသည် (သင်တို့လက်တွင်းသို့ ကျရောက်စေ၍) သင်တို့အတွက် ဖြစ်စေတော်မူလိမ့်မည်။” ဟု ကတိပေး မိန့်တော်မူခဲ့စဉ်လည်း သင်တို့က သင်တို့အတွက် လက်နက်တပ်ဆင်ထားခြင်းမရှိသည့် အုပ်စုကိုသာ မျှော်လင့်တောင့်တခဲ့ကြသည်။ စင်စစ်မူကား အလ္လာဟ်အရှင် မြတ်သည် အရှင့်ဗျာဒိတ်တော်အားဖြင့် အမှန်တရားသစ္စာကို တိကျမှန်ကန်တည်တံ့ကြောင်း ထင်ရှားစေရန်နှင့် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏သွေး ကြောနှင့်အခြေအမြစ် (များဖြစ်ကြသည့် အာခံဖီဆန်သော ခေါင်းဆောင်) များကို ဖြတ်တောက်ပစ်တော်မူရန် ရည်ရွယ်တော်မူခဲ့၏။