Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 71 — Surah Al-Anfal 8:71

သို့ရာတွင် အကယ်၍ သူတို့သည် အသင် (တမန်တော်အား) သစ္စာမဲ့စွာ ကြံစည်ရန် ရည်ရွယ်ကြလျှင် ဧကန်ပင်၊ သူတို့သည် ယခင်ကလည်း အလ္လာဟ်အရှင်မြတ်အား သစ္စာမဲ့စွာ ကြံစည်ခဲ့ကြပြီ ဖြစ်၏။ သို့ဖြစ်ပေရာ အရှင်မြတ်သည် သူတို့ထက် သင့်အား ဩဇာအာဏာ ပိုပေး၍ အရေးသာစေတော်မူ၏။ စင်စစ်မူကား အလ္လာဟ် အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ရာတွင် နက်နဲသိမ်မွေ့သော) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။