Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 74 — Surah Al-Anfal 8:74

အလ္လာဟ်အရှင်မြတ်လမ်းတော်၌ နေရပ်စွန့်၍ ရွှေ့ပြောင်းသွားသူများနှင့်စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားသူများ (စိတ်ရင်းစေတနာဖြူစင်စွာ) ယုံကြည်ကြသူများနှင့် (နေရပ်စွန့်၍ ရွှေ့ပြောင်းလာသူများအား) ခိုလှုံစရာ နေရာထိုင်ခင်းများ စီစဉ်ပေးပြီး ကူညီစောင်မကြသည့်သူများ (စသော) ထိုသူတို့သည်ပင် စစ်မှန်သော (ယုံကြည် မှုဆိုင်ရာဂုဏ်အင်္ဂါနှင့်ကိုက်ညီသော) ယုံကြည်သူများ ဖြစ်ကြ၏။ သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့်မြင့်မြတ်ရက်ရောလှစွာသော ရိက္ခာ (လိုအပ်ချက်များ) ရှိ၏။