Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 1 — Surah At-Tawbah 9:1

(ဤသည်) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ထံမှ သင်တို့နှင့်ကတိပဋိညာဉ်ချုပ်ဆိုထားသော အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသည့် မယုံကြည်သူတို့အား (သူတို့၏သစ္စာဖောက်မှုကြောင့် စာချုပ်နှင့်စပ်လျဉ်း၍ တာဝန်ကင်းရှင်းကြောင်းကို) ရာဇသံပေးခြင်းပင် ဖြစ်၏။