Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 100 — Surah At-Tawbah 9:100
အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက်) နေရပ်စွန့်၍ ရွှေ့ပြောင်းနေထိုင်ကြသော (မုဟာဂျီရီန်) သာဝကကြီးများနှင့် (အဆိုပါရွှေ့ပြောင်းနေထိုင်သူတို့၏လိုအပ်ချက်များအတွက် စွန့်လှူထောက်ပံ့ကြသော) ကူညီသူ (အန်ဆွာရ်သာဝကကြီး) များအနက်မှ (အစ္စလာမ့်အရေးနှင့်ကောင်းမှုကုသိုလ် ပြုရေးတို့တွင် သူ့ထက်ငါသာအောင်) ဦးဦးဖျားဖျားပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် သူတို့နောက်လိုက်၍ ကိစ္စရပ် ဟူသမျှအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ကျေပွန်စွာ ဆောင်ရွက်ကြသူများအား (သူတို့၏ပြုမူကျင့်ကြံမှုနှင့်အတူ) အားရကျေနပ်တော်မူပြီး သူတို့ကလည်း အရှင်မြတ် (၏အမိန့်ပညတ်ချက်များကို တစ်သဝေမတိမ်း လိုက်နာရခြင်း) အား သဘောကျမြတ်နိုးကြ၏။ သို့ဖြစ်ရာ သူတို့အတွက် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များနှင့်ထိုဥယျာဉ်ထဲ၌ အစဉ်ထာဝရကာလအကန့်အသတ်ဖြင့် နေထိုင်စံ မြန်းခွင့်ကိုပါ အသင့်ပြင်ဆင် စီစဉ်ထားတော်မူ၏။ ထိုသို့သော ချီးမြင့်မှုသည် အကြီးမြတ်ဆုံးသော အောင်ပွဲခံမှုပင် ဖြစ်၏။