Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 101 — Surah At-Tawbah 9:101

(လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ပေါ် ရပ်တည်နေကြသည့်) မြို့နေပြည်သူများနှင့်သင်တို့အနီးပတ်ဝန်းကျင်ရှိ သဲကန္တာရထဲတွင် လှည့်လည်သွားလာနေထိုင်ကြသော မျိုးနွယ်စုများအနက်မှလည်း (အချို့သည်) အယောင်ဆောင်သီလကြောင်များဖြစ်ကြ၏။ သူတို့ သည် (ဟန်ဆောင်ယုံကြည်မှုနှင့်) သီလကြောင်မှု၌ (ခေါင်းမာမာဖြင့်) ဇွတ်မှိတ်၍ စွဲမြဲစွာ ရပ်တည်နေကြ ကြောင်းကို သူတို့နှင့်ပတ်သက်၍ အသင်တမန်တော်အား အရှင်မြတ်က အသိပေးတော်မမူခဲ့လျှင်) သိနိုင်မည် မဟုတ်ပေ။ ငါအရှင်မြတ်သည် သူတို့ (နှင့်ပတ်သက်သော အသေးစိတ်) ကို အကြွင်းမဲ့ သိနေတော်မူ၏။ မကြာမီ သူတို့ကို ပြစ်ဒဏ်နှစ်ကြိမ်ပေးတော်မူမည်။ ထို့နောက် ကာလအကန့်အသတ်မဲ့ ခံစားရမည့်ကြီးလေးလှသော ပြစ်ဒဏ်ဘက်သို့ လှည့်ပြန်စေတော်မူလိမ့်မည်။