Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 102 — Surah At-Tawbah 9:102
ထို့ပြင် (သူတို့အနက်မှ) အခြားသော အုပ်စုတစ်စုမှာ ဖြောင့်မတ်မှန်ကန်သော သုစရိုက်ပြုမူကျင့်ကြံမှု တစ်ခုကို အခြားမကောင်းသော ဒုစရိုက်အကုသိုလ်တစ်ခုဖြင့် ရောနှောလုပ်ဆောင်ကြပြီး သူတို့၏ဒုစရိုက် ကျူး လွန်မှုများနှင့်ပတ်သက်၍ အမှန်အတိုင်းဝန်ခံ (လျက် ဝန်ချတောင်းပန်ကြသော) သူများပင် ဖြစ်ကြ၏။ အလ္လာဟ် အရှင်မြတ်သည် (သူတို့၏ဝန်ချတောင်းပန်မှုများကို လက်ခံတော်မူလျက်) သူတို့ဘက်သို့ အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူနိုင်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များအား ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကိုမတော် တဆ ကျူးလွန်ဖေါက်ဖျက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။