Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 103 — Surah At-Tawbah 9:103
(အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများအနက်မှ (အရှင်မြတ်ပြဋ္ဌာန်းထားတော်မူသော လူမှုဖူလုံကြေး၊ အခွန်များနှင့်စေတနာအလျောက်စွန့်လှူပေးကမ်းသော) အလှူဒါနများကို ယင်း (အလှူဒါနများ) ဖြင့် သူတို့အား (နာမ်ရေးရာအတွေးအခေါ်) သန့်ရှင်းစေရန်နှင့် (ကောင်းမှုကုသိုလ်တိုးပွားလာစေမည့် စိတ်ရင်းစေတနာ) ဖြူစင်စေရန်အလို့ငှာ လက်ခံရယူလော့။ ထိုမျှမက သူတို့အပေါ် ဆုတောင်းမေတ္တာပို့လော့။ မုချဧကန်၊ အသင် (တမန်တော်) ၏ဆုတောင်းမေတ္တာသည် သူတို့အတွက် စိတ်နှလုံးတည်ငြိမ်အေးမြမှုပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် (သက်ရှိတို့၏ဆုတောင်းမှုအလုံးစုံကို) အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းအကြောင်းကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။