Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 104 — Surah At-Tawbah 9:104
အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ (လူသား) များအနက်မှ (နောင်တကြီးစွာရ၍ ဝန်ချတောင်းပန် လျက် အရှင့်ဘက်သို့) ပြန်လှည့်ခြင်းကို ဧကန်ပင်၊ သဘောတူလက်ခံတော်မူသောအရှင်၊ (အရှင်မြတ်ပြဋ္ဌာန်းထားတော်မူသော လူမှုဖူလှုံရေးကြေး၊ အခွန်အခနှင့်စေတနာအလျှောက် ပေးကမ်းစွန့်လှူကြသော) အလှူဒါနများကို လက်ခံရယူတော်မူသော အရှင်မြတ် ဖြစ်ကြောင်းကို သူတို့ မသိကြလေသလော။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ် သည် နောင်တဖြင့် ဝန်ချတောင်းပန်လျက် အရှင့်ဘက်လှည့်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။