Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 106 — Surah At-Tawbah 9:106

(ထို့ပြင် လူသားတို့အနက်မှ) သူတို့အား ပြစ်ဒဏ်ပေးတော်မူမည် သို့မဟုတ် (သူတို့၏ဝန်ချတောင်းပန်မှုကို လက်ခံတော်မူပြီး) ကရုဏာတော်ဖြင့် သူတို့ဘက်သို့ လှည့်တော်မူလိမ့်မည်။ (ဟု ယတိပြတ် မဆုံးဖြတ်နိုင်ဘဲ) အလ္လာဟ်အရှင်မြတ်၏အမိန့်တော် (စီရင်ချက်) အတွက် (သူတို့၏အရေးကိစ္စများကို) ရွှေ့ဆိုင်းကြရသော အခြား သူများလည်း ရှိ၏။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည်သာလျှင် (လူသားတို့၏အရေးကိစ္စဟူသမျှကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။