Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 107 — Surah At-Tawbah 9:107

(အယောင်ဆောင်သီလကြောင်တို့အနက်မှ အချို့သည်) ယုံကြည်သူများ အချင်းချင်းကြားတွင် သဘောထားကွဲ၍ ဂိုဏ်းဂနခွဲစေပြီး မယုံကြည်သွေဖည်ငြင်းဆန်စေလျက် (ယုံကြည်သူတို့၏စုစည်းမှုအင်အားကို) ထိခိုက်နစ်နာစေရန်နှင့်ယခင်က အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို ဆန့်ကျင်၍ စစ်တိုက်ခဲ့ကြသော သူတို့အတွက် ပူးပေါင်းကြံစည်ရာ အခြေစိုက်စခန်းတစ်ခု ဖြစ်ပေါ်စေရန်အလို့ငှာ ဗလီဝတ်ကျောင်းအသစ်တစ်ခု ဆောက်လုပ်ပြီး (ထိုဗလီကို ဆောက်ခြင်းဖြင့်) ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်ပြုလုပ်ရန်သာ ရည်ရွယ်ပါ ကြောင်း ကျိန်ဆိုပြောကြလိမ့်မည်။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် သူတို့က လိမ်လည်လှည့်စားနေသော မုသားဝါဒီစစ်စစ်များ ဖြစ်ကြောင်းကို သက်သေခံတော်မူ၏။