Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 108 — Surah At-Tawbah 9:108

(အစ္စလာမ့်) ရှေးဦးကာလ၌ သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာခြင်းအ) ပေါ် အခြေခံ၍ အုတ်မြစ်ချခဲ့သော ဗလီကျောင်းတော်သည်သာ ယင်းထဲ၌ ဆွလာသ်ဝတ်ပြုဆောက်တည်မှုအတွက် ရပ်တည်ရန် တာဝန်အရှိဆုံးနှင့်အမှန်ကန်အထိုက်တန်ဆုံးဖြစ်ရုံသာမက ယင်းထဲတွင် လာရောက်ဝတ်ပြုကြသော ပုဂ္ဂိုလ်များသည်လည်း (နာမ်ရေးရာနှင့်ကိုယ်ကျင့်တရားအရ) သန့်ရှင်းစင်ကြယ်ကြ ရန် နှစ်သက်မြတ်နိုးကြသောကြောင့် ယင်းနှင့်ဆန့်ကျင်ဆောက်ထားသော ဗလီ၌ မည်သည့်အခါမျှ ဝတ်ပြုရန် မရပ်တည်ကြလေနှင့်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (နာမ်ရေးရာနှင့်ကိုယ်ကျင့်တရားတို့တွင်) သန့်ရှင်းစင်ကြယ်ကြသူများကိုသာ နှစ်သက်တော်မူ၏။