Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 109 — Surah At-Tawbah 9:109

သူ၏အဆောက်အအုံကို အလ္လာဟ်အရှင်မြတ်ထံတော်မှဖြစ်သော သက္ကဝါ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်းအ) ပေါ် အခြေခံ၍ အရှင်မြတ်၏ကျေ နပ်နှစ်မြို့မှုကို ရယူကာ အုတ်မြစ်ချဆောက်လုပ်သူနှင့်ငရဲဘုံ၏မီးထဲသို့ သူနှင့်အတူ ပြိုကျပျက်စီးစေမည့်သူ၏အဆောက်အအုံ ကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးတစ်ခု၏ အစွန်းအဖျားပေါ်တွင်အုတ်မြစ်ချ ဆောက်လုပ်သူတို့အနက် မည်သူက အကောင်းမြတ်ဆုံးဖြစ်မည်နည်း။ စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံကြသော လူမျိုးအား တရားလမ်းမှန် ညွှန်ပြတော် မမူချေ။