Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 11 — Surah At-Tawbah 9:11
သို့ရာတွင် အကယ်၍ သူတို့သည် (သူတို့၏မှားယွင်းသော အတွေးအခေါ် အယူအဆများကို စွန့်လွှတ်၍ သံဝေဂရလျက်) အမှန်တရား သစ္စာဘက်သို့ လှည့်ကြပြီး ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာဆောက်တည်ကြရုံသာမက ဇကာသ် (ခေါ် ချို့တဲ့ဆင်းရဲသူတို့အတွက် တရားတော်အရ ပေးလှူရသည့် လူမှုဖူလုံကြေး) ကိုလည်း ပေးဆောင်ကြလျှင် (သူတို့သည်) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) တွင် သင်တို့၏ညီနောင်များပင် ဖြစ်ကြပေလိမ့်မည်။ ထိုသို့ပင် ငါအရှင်မြတ်သည် သိနားလည်နိုင်စွမ်းရှိသော လူမျိုးတို့အတွက် (ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် အရှင့်လမ်းညွှန်တော်ပါဝင်သည့်) သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူ၏။