Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 111 — Surah At-Tawbah 9:111
ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့အတွက် သုခဥယျာဉ်ထားရှိတော်မူသောကြောင့် သူတို့ ထံမှ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အ ရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့်ဥစ္စာဓနပိုင်ဆိုင်မှုများကို မုချ ဝယ်ယူတော်မူခဲ့ပြီ။ သူတို့သည် (လူသားတို့အား အရှင်မြတ်ပေးအပ်တော်မူသော အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ အပြန်အလှန် တိုက်ခိုက်ကြသောကြောင့် (စစ်မြေပြင်တွင်ရန်သူကို) သတ်ခွင့်ရှိပြီး သူတို့လည်း အသတ်ခံကြရ၏။ သို့ဖြစ်ရာ (တရားမျှတမှုနှင့်အမှန်တရားတည်တံ့ရေးအတွက် ဆင်နွှဲရသော စစ်ပွဲနှင့်စပ်လျဉ်း၍) တောင်ရတ်ကျမ်း၊ အီန်ဂျီလ်ကျမ်းနှင့်ကျမ်းမြတ်ကုရ်အာန်တို့တွင် အရှင်မြတ်ကိုယ်တိုင် တရားဝင် တာဝန်ခံစေတော်မူကြောင်း အမှန်ပင် ကတိပြုထားတော်မူ၏။ မည်သူက သူ့ကတိခံဝန်ချက် နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်ထက်သာ၍ သစ္စာရှိရှိ ဖြည့်ဆည်းနိုင်မည်နည်း။ သို့ဖြစ်ပေရာ (အို၊ ယုံကြည် သူတို့) အရှင်မြတ်အား နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ပိုင်ဆိုင်မှုများပေးအပ်၍ (အရှင့်ထံတော်မှ သုခဥယျာဉ်ရရှိလိုသော) သင်တို့၏အပေးအယူသည် သင်တို့နှင့်အရှင်မြတ်ကြားသဘောတူချုပ်ဆိုသော အပေး အယူကတိဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို မက်မောစွာခံယူထားကြလော့။ (ထိုသတင်းကောင်းအား ကြိုဆိုလက်ခံထားသူ) သည်ပင် အလွန်ကြီးကျယ်မြင့်မြတ်သော အောင်ပွဲခံသူဖြစ်၏။