Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 112 — Surah At-Tawbah 9:112

(မှားယွင်းသော လမ်းစဉ်များကို ကျောခိုင်း၍ နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်ပြီး အရှင့်လမ်းစဉ်တော်ဘက်သို့) ဦးလှည့်သူများ၊ (အရှင့်စည်းမျဉ်းတော်များကို တစ်သဝေမတိမ်းလိုက်နာလျက်) နာခံဝတ်ပြုသူများ၊ (စကြဝဠာအတွင်းရှိ အရှင့်နိယာမတရားများနှင့်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာများကို စူးစမ်းလေ့လာ၍ အရှင်မြတ်၏ဂုဏ်တော်နာမတော်များကို) ချီးမွမ်းထောပနာပြုကြသူများ၊ (အရှင့်အမိန့်ပညတ် ချက်များကို လေ့လာဆည်းပူးရန်နှင့်လူသားတို့ထံသို့ အရောက်ပို့ဆောင်ပေးရန် ရည်ရွယ်လျက် အရှင့်ကျေနပ်နှစ် မြို့မှုအတွက်) ခရီးသွားကြသူများ၊ (အရှင့်အမိန့်ပညတ်ချက်များ၏ရှေ့မှောက်တွင် ရိုကျိုးစွာဖြင့်) ဦးညွတ်ကြ သူများ၊ (အရှင်မြတ်၏ရှေ့တော်မှောက်တွင် ကိုယ်စိတ်နှလုံးကို အပ်နှံလျက် နာခံမှုအပြည့်ဖြင့်) ဦးချသူများ၊ (လူတို့အား တရားတော်နှင့်အညီ တရားမျှတမှု၊ အမှန်တရားနှင့်) ကောင်းမှုကုသိုလ်များပြုလုပ်ရန် အမိန့်ပေးနှိုးဆော်တိုက်တွန်းကြသူများနှင့် (တရားတော်နှင့်ဆန့်ကျင်သော ဖီဆန်မှု၊ မတရားမှု၊ ဖိနှိပ်ချုပ်ချယ်မှု လိမ်လည်လှည့်စားမှုစသော) မကောင်းမှု အကုသိုလ်များမှ တားဆီးပိတ်ပင်သူများ၊ အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းဘောင် ကန့်သတ်ချက်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်သူများစသည့် ပုဂ္ဂိုလ်တို့အား ယုံကြည်သူများဖြစ်ကြောင်း သတင်းကောင်းပါးလော့။