Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 114 — Surah At-Tawbah 9:114

ထို့ပြင် တမန်တော်အီဗ်ရာဟီမ်သည် သူ့ဖခမည်းတော်အတွက် အရှင့်ထံ လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားခဲ့ခြင်းသည် သူ့ခမည်းတော်အား ပေးထားပြီးဖြစ်သော ကတိကြောင့်သာဖြစ်ပြီး ဖခမည်းတော်မှလွဲ၍ (အခြားမည် သည့်ရုပ်တုကိုးကွယ်သူအတွက်မျှ) လွတ်ငြိမ်းခွင့်ပန်ကြားရန် မထိုက်တန် မအပ်စပ်ပေ။ သို့ဖြစ်ပေရာ (ဖခမည်း တော်နှင့်စပ်လျဉ်း၍ အရှင့်ထံတော်မှ) “ဧကန်ပင်၊ သူသည် အလ္လာဟ်အရှင်မြတ်၏ရန်သူ ဖြစ်၏။” ဟု မြင်သာထင် ရှားသော ရှင်းလင်းချက်ထုတ်ပြန်တော်မူသည့်အခါ တမန်တော်အီဗ်ရာဟီမ်သည် သူ့ထံမှ ခွဲခွာ၍ သူနှင့်အဆက် ဖြတ်ခဲ့၏။ မုချဧကန်၊ တမန်တော်အီဗ်ရာဟီမ်သည် အလွန်သနားကြင်နာတတ်သူ၊ အလွန်ပင် သက်ညှာခွင့်လွှတ်သူ ဖြစ်၏။