Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 116 — Surah At-Tawbah 9:116
ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ (အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်သခင်ကြောင့် ယင်းတို့) ၏အချုပ်အခြာကိုလည်း အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ ထိုအရှင်သည် (သက်ရှိအားလုံး၌) အသက်ရှိစေတော်မူပြီး (သတ်မှတ်ထားသော သက်တမ်းစေ့၍ တာဝန်မှ အနားပေးရန်) သေစေတော်မူ၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သင်တို့အတွက် ကာကွယ်စောင့်ရှောက်တော်မူသောအရှင်နှင့် (အရေးကိစ္စဟူသမျှကို ဖြေရှင်းရာတွင် ယုံကြည်စိတ်ချရသော လမ်းညွှန်ပေး၍) ကူညီ စောင်မတော်မူသောအရှင်ဟူ၍ အခြားမည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။