Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 117 — Surah At-Tawbah 9:117
မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်အား ကျပ်တည်းခက်ခဲသော အချိန်ကာလ၌ပင် တစ်သဝေမတိမ်းလိုက်နာခဲ့ကြသော နေရပ်စွန့်ခွာ၍ ရွှေ့ပြောင်းနေထိုင်သူ (မူဟာဂျီရီန်) များနှင့်နေရပ်စွန့်၍ ရွှေ့ပြောင်းလာသူတို့အား အစစအရာရာ ထောက်ပံ့ခဲ့သော ကူညီသူ (အာန်ဆွာရ်)များအပေါ်တွင် အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူခဲ့ပြီ။ ထို့နောက် သူတို့အနက်မှ အုပ်စု၏စိတ်နှလုံးများ တိမ်းစောင်း လုဆဲဆဲဖြစ်သည့် အချိန်ကာလတွင်လည်း ထိုအရှင်က သူတို့အပေါ် အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူခဲ့၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ထိုသူ (မူဟာဂျီရီန်နှင့်အာန်ဆွာရ်) တို့နှင့်ပတ်သက်၍ အလွန်သနားကြင်နာတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။