Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 118 — Surah At-Tawbah 9:118
(တဗူးဒ်စစ်ဆင်ရေးတွင် မပါဝင်ဘဲ နောက်ကျ) ကျန်ရစ်ခဲ့သူ (သာဝကကြီး) သုံးဦးတို့၏အရေးကိစ္စကို အရှင့်အမိန့်တော်ကျရောက်လာသည့်အချိန်အထိ ရွှေ့ဆိုင်းခြင်းခံရသောအခါ ကျယ်ပြောလှသော ကမ္ဘာဂြိုဟ်သည် သူတို့အတွက် ကျပ်တည်းလာပြီး သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များလည်း သူတို့အပေါ် ချုံးချုံးကျ စေရုံသာမက အလ္လာဟ်အရှင်မြတ်ထံတော်မှအပ (အခြားမည်သည့်နေရာ၌မျှ) ခိုလှုံစရာဟူ၍ အလျှင်း မရှိကြောင်းကိုလည်း အသေအချာယုံကြည်သိမြင်နားလည်လာလျက် အရှင်မြတ်ဘက်သို့သာဦးတည်(၍ မျှော်လင့် ချက်ကြီးစွာဖြင့် အားကိုး) နေခဲ့ကြ၏။ ထို့နောက် သူတို့အရှင်မြတ်၏လမ်းစဉ်တော်ဘက်သို့ အပြည့်အဝ ပြန်လှည့်လာနိုင်ကြရန်အလို့ငှာ အရှင်မြတ်သည် သူတို့အပေါ်၌ အရှင့်ကရုဏာတော်ဖြင့် (ခွင့်လွှတ်တော်မူရန်) လှည့် တော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်ခြင်းဖြင့် အရှင့်ဘက် သို့ လှည့်သူတို့အပေါ်) ကရုဏာတော်ဖြင့် လှည့်တော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူ သောအကြင်နာရှင် ဖြစ်တော်မူ၏။