Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 12 — Surah At-Tawbah 9:12

တစ်ဖန် အကယ်၍ သူတို့သည် (သင်တို့နှင့်) ကတိခံဝန်ချက်ချုပ်ဆိုပြီးနောက်မှ သူတို့၏ကတိသစ္စာကို ဖောက်ဖျက်လျက် သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) နှင့်စပ်လျဉ်း၍ ပုတ်ခတ်စွပ်စွဲပြောဆို၍ တိုက် ခိုက်လာကြလျှင် ထိုမယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏ခေါင်းဆောင်များကိုလည်း တိုက်ခိုက်ကြလော့။ (အ ကြောင်းမှာ) ဧကန်ပင်၊ သူတို့၌ (ယုံကြည်စိတ်ချရသော) ကတိသစ္စာ ကင်းမဲ့နေကြပြီး (သူတို့၏မှားယွင်းသော အတွေးအခေါ်အယူအဆများသည် တည်ငြိမ်အေးချမ်းမှုကို အန္တရာယ်ပြုနေရသောကြောင့်) သူတို့အား ရပ်တန့်စေရန်အတွက်ပင် ဖြစ်၏။