Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 120 — Surah At-Tawbah 9:120
(လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ပေါ် ရပ်တည်နေကြသည့်) မြို့နေပြည်သူများနှင့် သဲကန္တာရတွင် လှည့်လည်နေထိုင်ကြသော (မျိုးနွယ်စုများအနက်မှ မြို့၏အနီးတဝိုက်ပတ်ဝန်းကျင်၌ နေထိုင်ကြ) သူများသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်က (ချမှတ်ပေးသော လမ်းစဉ်ကို မလိုက်နာဘဲ) နောက်ကွယ်၌ ကျန်ရစ်ရန် မလုပ်သင့် မပြုထိုက်သည့်အပြင် (အရှင့်အမိန့်တော်များကို ကျိုးနွံစွာ တစ်သဝေမတိမ်း လိုက်နာနေသော) တမန်တော်၏နဖ်စ်ထက် သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို ဦးစား မပေးသင့်ပေ။ ထိုသို့လမ်းညွှန်တော်မူရခြင်း၏အကြောင်းရင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်၌ ရေဆာခြင်း၊ မောပန်းခြင်း၊ ဆာလောင်ငတ်မွတ်ခြင်း၊ မယုံကြည်သူ (ရန်သူမိစ္ဆာ) များအား ဒေါသဖြစ်စေသည့် ခြေလှမ်းတစ်ခုခုလှမ်းရခြင်း၊ ရန်သူကို အနာတရ (ဒဏ်ရာဒဏ်ချက်) တစ်ခုခုရစေခြင်း (စသော ရင်ဆိုင်ကြုံတွေ့သမျှ၏) ဆိုးကျိုးကောင်းကျိုးကိုသာလျှင် သက်သက်မဲ့ ခံစားကြရ သည်မဟုတ်ဘဲ ယင်းခံစားမှုတစ်ခုစီနှင့်ပတ်သက်၍ သူတို့အတွက် ဖြောင့်မတ်မှန်ကန်သော လုပ်ရပ်တစ်ခုစီကို မှတ်တမ်းတင်ခြင်းခံရမည်သာဖြစ်သောကြောင့်တည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ် ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) တို့၏အကျိုးဆုလဒ်ကို အလျှင်း အချည်းနှီး ဖြစ်စေတော် မမူချေ။