Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 122 — Surah At-Tawbah 9:122

ထို့ပြင် ယုံကြည်သူအားလုံးအတူတကွ (စစ်ပွဲ၌ ပါဝင်ရန်မြို့ရွာများမှ) မထွက်သွားအပ်ချေ။ (လူ့ဘောင်အဖွဲ့ အစည်းတည်တံ့ရေးအတွက် ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုရေးအားလုံး အရေးပါသည့်အလျှောက် ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးရေးအတွက် လူတန်းစားအလွှာစုံ လိုအပ်၏။) သို့ဖြစ်ရာ၊ သူတို့အနက်မှ အုပ်စု (အလွှာ) တိုင်းက အဘယ်ကြောင့် ရှေ့တန်း မသွားအပ်သနည်း။ (အဘယ်ကြောင့်ဆိုသော်) အဖွဲ့အစည်းတစ်ခုသည် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) နှင့်ပတ်သက်၍ စေ့စေ့စပ်စပ် စူးစမ်းလေ့လာပြီး ဂဃနဏ သိနားလည်မှု ရှာမှီးရန် သူတို့၏လူမျိုးအား သတိပေးနှိုးဆော်တိုက်တွန်းရန်နှင့် (ရှေ့တန်းရောက်သည့် အုပ်စုက) သူတို့ထံ ပြန်လည်ရောက်ရှိလာသည့်အခါ (မှားယွင်းသော သဘောထားများကို) ဂရုတစိုက် သတိပြုစေရန် (ရှိသင့်သောကြောင့်ပင် ဖြစ်၏။)