Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 124 — Surah At-Tawbah 9:124
(ကျမ်းတော်မြတ်ကုရ်အာန်၏) စူရဟ်ကဏ္ဍတစ်ခုကို ထုတ်ပြန်ချမှတ်ပေးအပ်ခြင်း ခံရသည့်အခါတိုင်း (အယောင်ဆောင်သီလကြောင်များဖြစ်ကြသော) သူတို့အနက်မှ အချို့သည် “သင်တို့အနက်မှ မည်သူ၌ ဤကဏ္ဍကြောင့် ယုံကြည်မှုကို တိုးပွားခိုင်မြဲစေသနည်း။” ဟု ပြောဆိုမေးမြန်းကြ၏။ ယုံကြည်သူတို့၌မူကား ယင်းကြောင့် သူတို့၏ယုံကြည်မှုကို တိုးပွားခိုင်မြဲစေရုံမက (ယင်းကို) ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းအဖြစ် ယုံကြည်သောကြောင့်တည်း သူတို့ဝမ်းမြောက်ဝမ်းသာမဆုံးပင် ဖြစ်ကြ၏။ (ဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြ၏။)