Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 127 — Surah At-Tawbah 9:127
(ကျမ်းတော်မြတ်ကုရ်အာန်၏) စူရဟ်ကဏ္ဍတစ်ခုကို ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသည့်အခါတိုင်း (ယင်းကို တမန်တော်မြတ်က ယုံကြည်သူတို့၏ရှေ့မှောက်တွင် ဖတ်ပြစဉ် မယုံကြည်သူတို့လည်း တိတ်တဆိတ် လာရောက်နားထောင်ကြပြီး) သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ငေးကြည့်လျက်“ သင်တို့အား တစ်ဦးတစ်ယောက်မြင်ပါသလော။” (ဟု မေးမြန်းကြပြီး) နောက် ရှောင်လွှဲသွားကြ၏။ သူတို့သည် (အမှန်တရားကို လက်ခံနိုင်ရန် မတွေးတော မဆင်ခြင်သဖြင့်) နားလည်နိုင်စွမ်းမရှိသော လူမျိုးဖြစ်သောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏နှလုံးသားများအား (အမှန်တရားမှ) လွဲချော်စေတော်မူခဲ့ပြီ။