Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 129 — Surah At-Tawbah 9:129
သို့ဖြစ်စေကာမူ၊ အကယ်၍ သူတို့က (အသင်တမန်တော်အား မလိုက်နာဘဲ ရှောင်ပြေး) လှည့်သွားကြလျှင် “အလ္လာဟ်အရှင်မြတ်သည်သာလျှင် ကျွန်ုပ်အတွက် လုံလောက်၏။ ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျှင်းမရှိ။ ကျွန်ုပ်သည် (အစစအရာရာအတွက်) အရှင့်အပေါ်သာ ယုံကြည်စိတ်ချစွာ ယုံပုံလွှဲအပ်ပါ၏။ ထိုအရှင်သည် (စကြဝဠာခပ်သိမ်းနှင့်အရာခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုး စေတော်မူလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် ပကတိဩဇာအာဏာပိုင်ဆိုင်တော်မူသောအရှင်) ကြီးကျယ် မြင့်မြတ်သော ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။” ဟု ဟောကြားလော့။