Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 13 — Surah At-Tawbah 9:13

သူတို့၏ကတိခံဝန်ချက်များကို ဖောက်ဖျက်ခဲ့ကြရုံသာမက ရစူလ်တမန်တော်ကိုပင် (ကိုယ်တော်မြတ်၏ဇာတိမြေမှ) နှင်ထုတ်ရန် သန္နိဋ္ဌာန်ချခဲ့ကြပြီး သင်တို့ကို ဦးစွာပထမ စတင်ရန်လိုတိုက်ခိုက်ခဲ့ကြသော သူတို့အား သင်တို့လည်း ပြန်လည် ခုခံတိုက်ခိုက်ကြရမည် မဟုတ်လော။ သင်တို့က သူတို့ကို ကြောက်ရွံ့ကြလေသလော။ အမှန်မှာ အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် (အရှင့်အမိန့်ပညတ်ချက်များအား တစ်သဝေမတိမ်း နာခံလိုက်နာခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပိုမို၍ ကြည်ညိုကြောက်ရွံ့ထိုက်တော်မူသောအရှင် ဖြစ်တော်မူ၏။