Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 16 — Surah At-Tawbah 9:16
သို့တည်းမဟုတ် သင်တို့အနက် မည်သူတို့သည် (အရှင့်လမ်းတော်၌) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားနေကြ ပြီး မည်သူတို့သည် အလ္လာဟ်အရှင်မြတ်၊ အရှင့်ရစူလ်တမန်တော်နှင့်ယုံကြည်သူတို့မှအပ အခြားသူတို့ကို (အကူအညီနှင့်စုစည်းညီညွတ်မှုရရှိရန် မျှော်ကိုးလျက်) ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေများအဖြစ် စွဲမှတ်ထားကြသည်ကို အလ္လာဟ်အရှင်မြတ် သိတော်မမူသည့်အတွက် (ဒုက္ခအခက်အခဲများဖြင့် စမ်းသပ်တော်မမူဘဲ သို့မဟုတ် ဒဏ်ခတ် အရေးယူတော်မမူဘဲ) ချန်လှပ်ထားခြင်းခံရမည်ဟု သင်တို့ ထင်မြင်ယူဆနေကြသလော။ အမှန်စင်စစ်၊ အလ္လာဟ် အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။