Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 17 — Surah At-Tawbah 9:17

မယုံကြည်မှု (အမှန်တရားကို ဖီဆန်ငြင်းပယ်မှုတို့) ဖြင့် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်နှင့်ဆန့်ကျင်၍ သူတို့၏စိတ်ဆန္ဒနှင့်အညီ အသုံးချကြခြင်းဖြင့် (အရှင်မြတ်ကို နာခံကိုးကွယ်ခြင်းမရှိကြောင်းကို) သူတို့ကိုယ်တိုင်သက်သေထူကြပြီး အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောကိုး ကွယ်ရာများကို နာခံကိုးကွယ်နေကြသူတို့အတွက် အလ္လာဟ်အရှင်မြတ်၏ဗလီဝတ်ကျောင်းတော်များကို ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေး မရှိပေ။ ထိုသူတို့သည် သူတို့၏ပြုမူလုပ်ဆောင်ချက်များကို (သူတို့ကိုယ် တိုင်) အချည်းနှီး ဖြစ်စေသူများဖြစ်ကြပြီး ငရဲမီးထဲ၌ ကာလအကန့်အသတ်မဲ့ နေထိုင်ခံစားကြရမည့် သူများပင် ဖြစ်ကြ၏။