Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 9 - At-Tawbah
Translation by Alin U Yin — Permalink
Verse 19 — Surah At-Tawbah 9:19
သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ထပ်တူထပ်မျှ တူညီသည်ဟု သတ်မှတ်တော်မမူသော (အုပ်စုနှစ်စုဖြစ်သည့်) အတွက် အမြတ်ဆုံး ဗလီဝတ်ကျောင်းကို ပြုပြင်ထိန်းသိမ်းကြပြီး ထိုဝတ်ကျောင်းတော်သို့ ဟဂျ်ဝတ်ပြုရန် ရောက်လာကြသူတို့အား သောက်သုံးရေ တိုက်ကျွေးလှူဒါန်းကြသူများနှင့်အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း စိတ်ရင်းဖြူစင်စွာယုံကြည်ကြပြီး အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြသူများကို ထပ်တူထပ်မျှ တူညီသကဲ့သို့ မှတ်ယူသတ်မှတ်ကြမည်လော။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုလုပ်ကြသော လူမျိုးကို လမ်းမှန်ညွှန်ပြတော်မူမည် မဟုတ်ချေ။