Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 2 — Surah At-Tawbah 9:2

(အို၊ ရုပ်တုကိုးကွယ်သူအပေါင်းတို့၊ သင်တို့သည် ကတိပဋိညာဉ်တစ်ခုကို ချုပ်ဆိုပြီး ယင်းကို ချိုးဖောက်ကြ ၏။) သို့ဖြစ်ရာ သင်တို့သည် (သင်တို့၏ဒေသတည်ရှိရာ) မြေကမ္ဘာ၌ (သင်တို့လိုချင်သည့် စစ်ရေးပြင်ဆင်မှုများကို လုပ်ဆောင်ရန်) လေးလအထိ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်မည်။ သို့သော် သင်တို့သည် (အရှင်မြတ်၏ တန်ခိုးတော်အား စွမ်းဆောင်မှု ကင်းမဲ့စေနိုင်မည်မဟုတ်သည့်အပြင် အရှင့်ဆန္ဒတော်ကိုလည်း နှောင့်ယှက်နိုင် မည် မဟုတ်သောကြောင့် အလ္လာဟ်အရှင်မြတ် (၏ဒဏ်ခတ်အရေးယူခြင်း) မှ မည်သည့်အခါမျှ လွတ်မြောက်နိုင် မည်မဟုတ်ကြောင်းနှင့်အလ္လာဟ်အရှင်မြတ်သည် မယုံ ကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား အသရေပျက်စေလျက် သေးသိမ်စေတော်မူမည်ဖြစ်ကြောင်းကို (ကောင်းစွာနှလုံးသွင်း) သိမှတ်ထားကြလော့။