Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 20 — Surah At-Tawbah 9:20

(အရှင်မြတ်ကို) ယုံကြည်ကြပြီး (ထိုယုံကြည်မှုကြောင့် ဖိနှိပ်ညှင်းပန်းခံရလျက်) နေရပ်စွန့်၍ ရွှေ့ပြောင်းကြရသော်လည်း သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒ အတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များနှင့် စည်းစိမ်ပိုင်ဆိုင်မှုတို့ဖြင့် အလ္လာဟ်အရှင် မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားကြသူတို့သည် အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ အဆင့်အတန်းအမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်များဖြစ်ကြပြီး ထိုသူတို့သည်ပင် (လောကီလောကုတ္တရာနှစ်ဌာနစလုံး၌) အောင်မြင်မှုဆွတ်ခူးသူများဖြစ်ကြ၏။