Back to Languages

Burmese - Chapter 9 - At-Tawbah

Translation by Alin U Yin — Permalink

Verse 23 — Surah At-Tawbah 9:23

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များနှင့်သားချင်းညီအစ်ကိုတို့သည် ယုံကြည်မှုထက် မယုံကြည်မှု (အမှန်တရားကို ဖီဆန်ငြင်းပယ်မှု) ကို ပိုမို၍ နှစ်သက်မြတ်နိုးကြလျှင် သူတို့အား သင်တို့၏ (အရေးကိစ္စများကို ဖြေရှင်းရာ၌ ယုံကြည်စိတ်ချရသော လူယုံတော်နှင့်) ကာကွယ်စောင့်ရှောက်သူများအဖြစ် မမှတ်ယူ (မပြုလုပ်) ကြလေနှင့်။ စင်စစ်မူကား၊ သင်တို့အနက်မှ မည်သူမဆို သူတို့ကို ထိုသို့ ကာကွယ်စောင့်ရှောက်သူများအဖြစ် မှတ်ယူကြလျှင် ထိုသူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုလုပ်ကြသူများပင် ဖြစ်ကြ၏။